ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားပြုလုပ်

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ကိုးဆူကျေးရွာရှိ တောင်သူဦးဇော်မင်း၊ ကွင်းအမှတ်-၈၁ A၊ ဦးပိုင် အမှတ်-၆/၂ ၊ ဆင်းသုခမျိုးသန့် ထုတ်စိုက်ခင်းတွင် တောင်သူများအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ပင်လောင်းမြို့ အလက(ခွဲ)အရှေ့ရပ်ကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)အရှေ့ရပ်ကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။

လက်ပံတန်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကလေးငယ်များအား အသိပညာဗဟုသုတ ရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အမက ကညင်ဆိပ်ကျောင်းသို့ ယနေ့နံနက် (၁၀:၃၀) နာရီအချိန် က နယ်လှည့်စာကြည့်တိုက် အသိပညာပေးလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်သည်။

ရသေ့တောင်မြို့ မြို့ကျက်သရေဆောင် ရွှေသာ‌လျောင်းဓမ္မာရုံ၌ ငါးရံ့မင်းပရိတ်ရွက်ဖတ်ပူဇော်ပွဲ ကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မြို့နယ်သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ငါးရံ့မင်းပရိတ်ရွတ် ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် ရသေ့တောင်မြို့၊ မြို့ကျက်သရေဆောင် ရွှေသာ‌‌လျောင်းဓမ္မာရုံ၌ ငါးရံ့မင်းပရိတ်ရွက်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုင်းပန်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်

​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍

ရွှေကျင်မြို့နယ်တွင် ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ် စာစီစာကုံး၊ ကာတွန်း၊ ပန်းချီ ပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ကျောင်းပေါင်းစုံ ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ် စာစီစာကုံး၊ ကာတွန်း၊ ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီတွင် အ-ထ-က(ရွှေကျင်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်အတွင်းရှိ သက်ကြီးဘိုး/ဘွားများအား ကူညီစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရေး သက်ကြီးများ ပါဝင်သည့် လူမှုအားမာန်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည်

ကချင်ပြည်နယ်အတွင်းရှိ သက်ကြီးဘိုး/ဘွားများအား ကူညီစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရေး သက်ကြီးများ ပါဝင်သည့် လူမှုအားမာန်အဖွဲ့များ ဖွဲ့စည်း၍ ကူညီစောင့်ရှောက်သွားမည်ဖြစ်ကြောင်း ယနေ့နံနက် ၉ နာရီခွဲက ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့် ပြည်နယ်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။

မိုးညှင်းမြို့၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီ က စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဓနုဖြူမြို့နယ်တွင် ငါးသယံဇာတတိုးပွားရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့် 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးသယံဇာတများရေရှည်တည်တံ့စေရေးနှင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်စေရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီ အချိန်က အကျော်ကျေးရွာရှိ အကျော်ချောင်းတွင် ကျင်းပခဲ့သည်။ 
Subscribe to