ဝိုင်းမော်မြို့နယ်၌ ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း၌ ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန “ဆမား” ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦး က လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အဖွင့် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။