ဝေါမြို့၌ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ ဆောင်ရွက်

၂၀၂၂- ခုနှစ် စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် ဒဿမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့အရှေ့ဘက်ကမ်းရပ်ကွက်ရှိ အခြေခံ ပညာအထက်တန်းကျောင်း (ဝေါအရှေ့) စာကြည့်တိုက်ခန်းမတွင် ယနေ့နံနက် ၁၀:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မြင်းခြံခရိုင်အတွင်း အသေးစားလုပ်ငန်းရှင်များအတွက် လုပ်ငန်းမှတ်ပုံတင် ၉၃ ခု ထုတ်ပေးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အသေးစားလုပ်ငန်းရှင်များအတွက် လုပ်ငန်းမှတ်ပုံတင် (၉၃)ခု ထုတ်ပေးပြီးဖြစ်ကြောင်း မြင်းခြံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ထွန်းထံက သိရသည်။

သုံးခွမြို့နယ်၌ သဘာ၀ရေပြင်ရိုးချောင်းနှင့် မှော်၀င်းချောင်းအတွင်း ငါးသား‌ပေါက် အကောင်ရေ (၇၅၀၀၀၀) ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ရဲနွဲ့‌ကျေးရွာ သဘာ၀ရေပြင်‌ရိုး‌ချောင်းနှင့် အမှတ်(၉)ရပ်ကွက် မှော်၀န်း ချောင်းအတွင်း ယမန်နေ့ နံနက် ၉ နာရီအချိန်က ငါးသားပေါက်အ‌ကောင်ရေ (၇၅၀၀၀၀)အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့တွင် တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီက ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မီးသတ်တပ်ဖွဲ့ဝင်များ၏ သား၊ သမီးများအား ပညာသင်ထောက်ပံပစ္စည်းများ ထောက်ပံ့ပေးအပ်

၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ်အတွက် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူး ရုံး/စခန်း၊ မယားမာန်နယ်မြေမီးသတ်စခန်းများတွင် တာဝန်ထမ်းဆောင်နေကြသော မီးသတ်တပ်ဖွဲ့ဝင်များ၏ သား/သမီးများအား ပညာသင်ထောက်ပံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်း က ကျင်းပခဲ့သည်။

ရေတာရှည်မြို့နယ်၌ သွားတိုက်ဆေးအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ဇော်ထွေးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၌ ရောင်းချလျက်ရှိသည့် လူသုံးကုန်ပစ္စည်းဖြစ်သော သွားတိုက်ဆေးအမျိုးမျိုးအား မြန်မာနိုင်ငံ စားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။

ဖား​ဆောင်းမြို့နယ်၌ သဘာဝ​ဘေးအန္တရာယ် ကြိုတင်ကာကွယ်​ရေးအတွက် ​ရေ​ဘေးသရုပ်ပြ ဇာတ်တိုက်​လေ့ကျင့်ခြင်း ​ဆောင်ရွက်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌ သဘာဝ​ဘေးအန္တရာယ် ကျ​ရောက်လာပါက အ​ရေး​ပေါ်ရှာ​ဖွေကယ်ဆယ်​ရေး လုပ်ငန်းများ အချိန်နှင့်တ​ပြေးညီတုံ့ပြန်​ဆောင်ရွက်နိုင်​စေရန်အတွက် ​ရေ​ဘေးသရုပ်ပြဇာတ် တိုက်​လေ့ကျင့်ခြင်းနှင့် အသိပညာ​ပေး​ဆောင်ရွက်ခြင်းများကို ယ​နေ့ နံနက် ၉ နာရီအချိန်က သံလွင်မြစ်ကမ်း၊ ဇာတ်ဆိပ်၌ ​ဆောင်ရွက်ခဲ့ရာ အဆိုပါ သရုပ်ပြ​လေ့ကျင့်ရာသို့မြို့နယ် သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊​ ရွှေပြည်သို့ လူမှုကူညီ​ရေးအသင်းနှင့်​ ဒေသခံပြည်သူများ တက်​ရောက်ခဲ့​ကြောင်း သိရသည်။

တောင်သာမြို့ (Community Centre)ခန်းမ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ နယ်ရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre  )ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ( Talk Show ) အား ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                                                     

မိုင်းဆတ်မြို့၌ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဘိန်းအစားထိုး ဒေသကြက်မျိုးများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဘိန်းအစားထိုး ဒေသကြက်မျိုးများ ထောက်ပံ့ပေးအပ်ခြင်းကို ဆိုက်ခေါင်ကျေးရွာရှိ အိမ်ထောင်စု (၁၀)စုအတွက် ဒေသကြက်မျိုး (၁၀၀)ကောင်ကို ယနေ့နံနက် (၁၀)နာရီ ကထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to