မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)နှင့် တာဝန်ရှိသူတို့မှ မြို့ဝင်စစ်ဆေးရေးဂိတ် အဆင့်မြှင့်တင်ရန်နှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး

ငပုတော သြဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်၊ အတွင်းရေးမှူး ရဲမှူး မြင့်ရွှေနှင့် သက်ဆိုင်ရာမှ တာဝန်ရှိသူတို့သည် ယနေ့ နံနက် (၁၀)နာရီ အချိန်က ငပုတောမြို့အဝင် စစ်ဆေးရေးဂိတ်အား အဆင့်မြှင့်တင်ရန်နှင့် လုံခြုံရေးဆောင်ရွက်ထားမှု အခြေအနေများကို သွား​ရောက်ကြည့်ရှုစစ်​ဆေးခဲ့ကြသည်။

ထို့နောက် အဖွဲ့ဝင်(၁)ဗိုလ်မှူး ဖြိုးသူရကျော်က ယခင်မြို့အဝင် စစ်ဆေးရေးဂိတ်အား အဆင့်မြှင့်တင်ရန် အတွက် ​မြေ​နေရာတိုးချဲ့သတ်မှတ်​ပေးပြီးနောက်  လုံခြုံရေးဆောင်ရွက်နေကြသည့် တာဝန်ရှိသူများအား  ပြည်သူများ၏ လုံခြုံ​ရေးနှင့်  တည်ငြိမ်အေးချမ်းစွာနှင့် အဆင်ပြေစွာ နေထိုင်သွားလာနိုင်ရေး၊ အခြားမလိုလား အပ်သော ပြဿနာများ  မဖြစ်​ပေါ်​စေ​ရေးအတွက် အ​လေးထား​ဆောင်ရွက်ကြရန် လို​ကြောင်းနှင့် စစ်​ဆေး​ရေးဂိတ်သန့်ရှင်းသာယာမှုရှိရေးတို့ကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့​ကြောင်း သိရသည်။

အောင်သူ(ငပု​တော)