ပင်လောင်း ဩဂုတ် ၅
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)အရှေ့ရပ်ကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။
ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးရာတွင် ဓာတ်မတည့်ခြင်း၊ ပန်းနာ ရင်ကြပ်၊ သွေးတိုး၊ ဆီးချို၊ မွေးရာပါနှလုံးရောဂါ၊ ကာကွယ်ဆေးထိုးမှတ်တမ်းပြနိုင်ခြင်း၊ ကာကွယ်ဆေးပြည့်စုံစွာထိုးနှံထားခြင်း ရှိမရှိ၊ အာဟာရနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေများ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အခြေအနေများ၊ အရေပြား၊ သွားနှင့်ခံတွင်း၊ မျက်လုံး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ လည်ပင်းနှင့်အခြားရောဂါလက္ခဏာများကို စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စာရေးဝန်ထမ်း၊ ရပ်မိရပ်ဖများတို့က ရပ်ကွက်အတွင်းရှိ နေအိမ်များမှ သောက်သုံးရေလှောင်ကန်များအား ပိုးလောက်လန်းများ မပေါက်ပွားအောင် အဘိတ်ဆေးများ သွားရောက်ခတ်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
ခွန်အာကာစိုး(ပင်လောင်း)