မိုင်းပန် ဩဂုတ်၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်တွင် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က စာအုပ်ပြပွဲနှင့်စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူဒေါ်အိအိအောင်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားပြုစုထားသော ဘဝတစ်ခုစီမံမှုစာအုပ်မှ “အကောင်းမြင်သဘောထား” အရာရာတိုင်းမှာ စိတ်သာအဓိကဖြစ်ကြောင်း၊ ခန္ဓာကိုယ်ကြွက်သား ဆိုတာတွေကရာ ဘာတုံးအစိတ်အပိုင်းတွေမျှသာဖြစ်ပါကြောင်း၊ အပြုသဘောစိတ်ထား၏ အဓိပ္ပါယ်ကိုလည်းကောင်း၊ အပြုသဘောစိတ်ထား၏အရေးပါပုံ၊ အပြုသဘောစိတ်ထားရှိခြင်း၏အကျိုး ကျေးဇူးများ အကြောင်းကိုလည်းကောင်း၊ စာပေချစ်မြတ်နိုးသူဒေါ်ထူးထူးဝေက “ယုံကြည်မှု” ဆိုသည့် အကြောင်းအရာကိုလည်းကောင်း၊ အသီးသီး ရှင်းလင်းဖတ်ကြားပြီး တက်ရောက်လာကြသော စာပေချစ်မြတ်နိူး သူများနှင့်အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီး ခင်းကျင်းပြသ ထားသည့် စာအုပ်စာစောင်များကို ကြည့်ရှုငှားရမ်းခဲ့ကြကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)