ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ချမ်းအေးသာစံ သြဂုတ်  

ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ဖြစ်ပေါ်စေရန်နှင့် လူအများရှေ့တွင် ရဲဝင့်စွာ ပြောဆိုတတ်စေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ညနေ ၄ နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ပြိုင်ပွဲကို ကျင်းပခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့ရာ  မြို့နယ်စာကြည့်တိုက်တွင် လာရောက်စာဖတ်ကြသော ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ဒုတိယဦးစီးမှူး ဦးမောင်မောင်က ပြိုင်ပွဲတွင် ဆုရွေးချယ်ခဲ့သည့် စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊  စာဖတ်ပရိတ်သတ်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်