ဗန်းမောက်မြို့၌ လူငယ်အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ဗန်းမောက် သြဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ လူငယ်အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် () နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသူဟန်က လူငယ်လူရွယ်များအား မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်လာစေရန် ရည်ရွယ်၍ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေးအကြောင်း သိ​ကောင်းရာများ၊ အသိပညာဗဟုသုတ ရရှိစေမည့် အကြောင်းအရာများနှင့် စာဖတ်ရှိန် မြှင့်တင်ရေးအ​ကြောင်း သိ​ကောင်းစရာများကို ဟောပြောခဲ့ပြီး မြို့နယ်အခြေခံပညာအထက်တန်းကျောင်းမှ Grate - 10 ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မေသူ(ဗန်းမောက်)