ပြည်ကြီးတံခွန် သြဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (မူလွန်) (၂၀) တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနတွင် အသံထွက်စနစ်တကျစာဖတ်နည်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ အသံထွက်စနစ်တကျစာဖတ်နည်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းမှ အဖွင့်အမှာစကားပြောကြားပြီး အ.မ.က (မူလွန်) ၂၀ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနွယ်မှ ယခုလို အသံထွက်စနစ်တကျ စာဖတ်နည်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ပေးရခြင်းဖြစ်ပြီး၊ ကလေးငယ်များ ကြိုးစာလိုရှိစေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အသံထွက် စနစ်တကျစာဖတ်နည်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန ပြည်သူ့စာကြည်တိုက်ခန်းမနှင့် ကလေးစာဖတ်ခန်းတွင် ကျင်းပပေးခဲ့ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ ကျောင်းသား/သူ စုစုပေါင်း (၁၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ကျော်အောင်