သရက်မြို့၌ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ

သရက် ဩဂုတ် ၅

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးသယံဇာတ ထိန်းသိမ်းခြင်းကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ၊ ငါးမျိုးပြုန်းတီးမှု မဖြစ်စေရန် သဘာဝ ရေပြင်တွင် ငါးမျိုးများ စဉ်ဆက်မပြတ် တည်ရှိစေရန်၊ ငါးထုတ်လုပ်မှု တိုးတက်စေရန်နှင့် ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်အတွက် ဒေသနှင့်ကိုက်ညီသည့် ငါးမျိုးများအား စိုက်ထည့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီက ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ဇတ်ဆိပ်အနီးတွင် ဆောင်ရွက်ခဲ့သည်။

ငါးမျိုးစိုက်ထည့်ခြင်း အခမ်းနားသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများထံသို့ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပေးအပ်ပြီး ဧရာဝတီမြစ်အတွင်းသို့ ငါးမြစ်ခြင်း  ကောင်ရေ (၁)သိန်း၊ ငါးခုန်းမကြီးကောင်ရေ(၁)သိန်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ တစ်ပျော်တစ်ပါး ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)