မော်လမြိုင်ကျွန်း၊ ဩဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကလေး အလုပ်သမား ပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲအားယနေ့နံနက် ၁၀ နာရီအချိန်က A(၉) လမ်း အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက ကလေးအလုပ်သမားအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးကာ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ်ကြီး ဦးခိုင်ထွန်းဇော်က မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများနှင့် ရောဂါလက္ခဏာများအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကျောင်းသားကျောင်းသူများအား အသိပညာပေးနံရံကပ် စာစောင်များပြသခဲ့ပြီး (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူလေးများအား အခမဲ့ဆေးဝါးကုသ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ကာ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော မုန့်ဆိုင်များမှ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်းသိရသည်။
အောင်အောင်(ပြန်/ဆက်)