စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၇)နာရီခွဲအချိန်က စဉ့်ကူးမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် ၅ ဧက ခြံဝင်းအတွင်း၌ ကျင်းပခဲ့သည်။

အမာမြို့၌ အသက်(၆)လမှ (၅)နှစ်အထိ ကလေးငယ်များအား မျက်စိအားဆေး (ဗီတာမင်အေ)နှင့် သံချဆေး တိုက်ကျွေးခြင်း လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ကျေးလက်ကျန်းမာရေးဌာန၌ ကျန်းမာရေး ဝန်ထမ်းများက အသက်(၅)နှစ်အောက် ကလေးငယ်များအား မျက်စိအားဆေး (ဗီတာမင်အေ)နှင့် သံချဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့ နံနက်(၉)နာရီက စတင်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ် ပိုးဇာနွယ်ကျေးရွာ လူဆူတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားကွင်းဆင်းဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပိုးဇာနွယ်ကျေးရွာရှိ လီဆူတိုင်းရင်းသား လူမျိုးများအား ပန်းခင်းစီမံချက် (၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းကို ယနေ့နံက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်တွင် စျေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ နေထိုင်ကြသည့် မိဘပြည်သူများ စားသုံးဆီကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း၏ စီမံဆောင်ရွက်သည့် စီစဉ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် အဖွဲ့သည် စားသုံးဆီများကို မိဘပြည်သူများ လက်ဝယ်သို့ သက်သာသော နှုန်းထားတို့ဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်(၈)နာရီမှ စတင်၍ ကျိုက်လတ်မြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ စားသုံးသူ ရေးရာဦးစီးဌာနရုံး၌ ဆီ(၁)ပိဿာကို ငွေကျပ် (၃၇၀ဝိ/-)နှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင်‌ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းများမှ ကျောင်းသား/သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိအကြိမ်(၆၈၀)ဦး ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံပြီးသူများ (ဒုတိယအကြိမ်)ဆက်လက် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉:၀၀)နာရီမှစ၍ အခြေခံပညာကျောင်းများဖြစ်သော အမှတ်(၂၀)၊ အမှတ်(၆)၊ အခြေခံပညာမူလတန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဖြစ်သော ညောင်တုန်း၊ အေးရိပ်သာ၊ မာဂဓိသာစည်ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး ရက်သတ္တပတ်  လှုပ်ရှားမှုဆက်လက်ဆောင်ရွက်

ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့်ညီညွတ်သောလူနေမှုပုံစံများ(Healthy Life Styles)သိရှိကျင့်သုံးစွဲမြဲစေပြီး ကျန်းမာ ရေးအဆင့်အတန်းမြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဩဂုတ်လရောက်တိုင်း သတ်မှတ်ဆောင်ရွက်လျက်ရာ သရက်ချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့က သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ပန်းတောအခြေခံပညာမူလတန်း (လွန်)ကျောင်း၌ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသားကျောင်း သူများအား ကျန်းမာ ရေးစောင့် ရှောက်မှုလုပ်ငန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်းရှိ​ ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

လပွတ္တာခရိုင် (၃)မိုင်မြို့သစ် ပန်းပဲတောင်ကျောင်း၌ ဘုရားအနေကဇာတင်နှင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ ပူဇော်ခံလှူဒါန်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့သစ် ပန်းပဲတောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနာရဒအား အမှူးထားလျက် သာသနာတော် ပြန့်ပွားစေခြင်းအလို့ငှာ ခရိုင်အမျိုး သမီးရေးရာဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်း၍ ဗုဒ္ဓရုပ်ပွားတော်များ အား ဘုရားအနေကဇာတင် လှူဒါန်းခြင်းနှင့် တရားနာရေစက်ချလှူဒါန်းခြင်းကို ယနေ့ နံနက်(၉) နာရီအချိန်က လပွတ္တာခရိုင် (၃)မိုင်မြို့သစ် ပန်းပဲတောင်ကျောင်းတိုက်၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျောင်းသားလူငယ်တစ်ရပ်လုံး ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုအလေ့အထများ ဖြစ်ပေါ်လာစေရန်၊ ကျန်းမာရေးနှင့် ပတ်သက်သော အလေ့အကျင့် ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ်အဖြစ် အာဟာရ မျှတစွာ စားသုံးရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၁)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းရှိ ကရဝိတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့်မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ​ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့်မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ် လှုပ်ရှားမှုကို မြို့နယ် ပြည်သူ့ဆေးရုံ၌ ယမန်နေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to