ပုလော ဩဂုတ် ၉
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်များအား ပုလောမြို့ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းမိသားစုများကိုသွားရောက်၍ သုတ/ရသ စာအုပ်စာစောင်များကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ကွင်းဆင်းငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန်တိုးတက်လာစေရေးကိုမျှော်တွေး၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးအေးမော်(ပုလော)