လောင်းလုံး သြဂုတ် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် မီးဘေးအန္တရာယ်ဆိုင်ရာ ဇတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က လောင်းလုံးမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်သည်။
အဆိုပါဆောင်ရွက်မှုတွင် လောင်းလုံးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးအရာရှိ ဦးမျိုးဇောဦးနှင့် အဖွဲ့ဝင်များက “မိုးမှာလေ့ကျင့်ပြင်ဆင်၊ ဆောင်းမှာစစ်ဆေးသတိပေး၊ နွေမှာအသင့်ဖြစ်ရေး” ဟူသော မီးသတ်ဦးစီးဌာန၏ဆောင်ပုဒ်နှင့်အညီ လောင်းလုံးမြို့နယ် မီးသတ်စခန်း၌ အရေးပေါ်မီးဘေးအန္တရာယ် ဖြစ်ပွားပေါ်ပေါက်လာပါက အမြန်ဆုံးငြှိမ်းသတ် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကြန့်ကြာချိန်နည်းနိုင်သမျှနည်းစေရန် စံချိန်ယူဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)