ကရသူရိ ဩဂုတ် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာ အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးရာတွင် မြို့မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်ဖြိုးက ယခုအချိန်ကာလသည် မိုးဦးကာလမုန်တိုင်းရာသီဖြစ်ပြီး မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းစသည့်အန္တရာယ်များ အထူးသတိထားရမည့် အချိန်ကာလဖြစ်သည့်အပြင် အချိန်မရွေးဖြစ်ပွားနိုင်သည့် မီးဘေး၊ ငလျင်ဘေးနှင့် ဆူနာမီဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရန် လိုအပ်သည့်အကြောင်း၊ တစ်ဦးချင်းအလိုက်၊ မိသားစုအလိုက်ဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း၊ လိုက်နာဆောင်ရွက်ရမည့်တာဝန်ဝတ္တရားများနှင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်မှု စသည့်တို့ကို အကျယ်တစ်ဝင့် ဆွေးနွေးပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်များအကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲများနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေထားရှိမှုနှင့် ပြည်သူများပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မှုတို့ကို ဆွေးနွေးသည်။
အဆိုပါဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို ပြည်သူများ အသိပညာဗဟုသုတများရရှိပြီး ကြိုတင်ပြင်ဆင်မှုများနှင့် ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး ပညာပေးဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)