ထန်းတပင်မြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့်မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်

ထန်းတပင်(ပဲခူး) သြဂုတ် ၉

ပဲခူးတိုင်းဒေသကြီး၊ ​ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့်မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ် လှုပ်ရှားမှုကို မြို့နယ် ပြည်သူ့ဆေးရုံ၌ ယမန်နေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ​ဒေါက်တာ သန့်ဇော်မောင်နှင့် ကျန်းမာ‌ရေး၀န်ထမ်းများ၊ မြို့နယ်မိခင်နှင့်က​လေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်စီစီစိုးဦးနှင့်အဖွဲ့ဝင်များက ဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ပထမပတ်အနေဖြင့် မွေးကင်းစမှ (၆)လအရွယ်ထိ ကလေးသူငယ်များအား မိခင်နို့ရည် တစ်မျိုးတည်းကိုသာ စနစ်တကျတိုက်ကျွေးကြရန်နှင့် ထို့သို့တိုက်ကျွေးခြင်းဖြင့် မွေးကင်းစမှ (၆)လအရွယ်ရှိ ကလေးသူငယ်များ ကျန်းမာဖွံ့ဖြိုးနိုင်မည်ဖြစ်ကြောင်းနှင့် ရောဂါဘယ ကင်းရှင်းနိုင်မည်ဖြစ်ကြောင်းတို့ကို ကလေးမိခင်များအား အသိပညာပေးဟောပြောခဲ့ပြီး နို့တိုက်မိခင်များအား အာဟာရပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)