လားရှိုးမြို့တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

လားရှိုး ဩဂုတ် ၉

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံး၊ Community Centre ရှိ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့် ကုန်အညွှန်းအမှတ် အသားများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်နှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းတို့က စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်တွင် ပါဝင်ရမည့်အချက်အလက်များနှင့်ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များ ပြည့်စုံမှန်ကန်မှုမရှိပါက အရေးယူခံရနိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို  အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟု သုတရရှိစေရန် Talk Show အစီအစဉ်များ၊ဆွေးနွေးပွဲများ စသည့် အခြားအသိပညာ ဗဟုသုတ ရဖွယ်များအား ရိုက်ကူးပေးလျက်ရှိနေပြီး We Love Lashio Facebook Page တွင် လွှင့်တင်ပေး လျက်ရှိနေကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)