ဂွမြို့တွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလလျော့ချရေး အစီအစဉ်သင်တန်းနှင့် သင်ကြားရေးနှင့်ဆက်သွယ်ရေး အထောက်အကူပြုစနစ် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

ဂွ သြဂုတ် ၉

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး အစီအစဉ်သင်တန်းနှင့် သင်ကြားရေးနှင့်ဆက်သွယ်ရေး အထောက်အကူပြုစနစ် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီ အချိန်က သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနာ့ ဗိမာန်တော်အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွက် ဆက်သွယ်ရေးအထောက်အကူပြု စနစ် (CA System) တစ်စုံအား BHN Association မှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ စာသင်ကျောင်း(၃၀)တွင် ထောက်ပံ့ထားရှိထားသော LCA System စက်ပစ္စည်းများ ချို့ယွင်းပျက်စီးမှု ဖြစ်ပေါ်လာပါက အစားထိုးနိုင်ရန် အပိုပစ္စည်းများနှင့် Laptop ကွန်ပျူတာတစ်စုံအား BHN Association က မြို့နယ်ပညာရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့လွှဲပြောင်းပေးအပ်မှုကို မြို့နယ်ပညာရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့် BHN တိုကျို(ဂျပန်ရုံးချုပ်)မှ တာဝန်ရှိသူက Online ဖြင့် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် အစီအစဉ် ဒုတိယပိုင်းအနေဖြင့် သင်ကြားရေးနှင့်ဆက်သွယ်ရေး အထောက်အကူပြု စနစ် (LCA System ) အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်နှင့် သဘာ၀ဘေးအန္တရာယ် လျော့ချရေးနှင့် အစီအစဉ်ရေးဆွဲခြင်းဆိုင်ရာ သင်တန်းကို  ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်