ဒဂုံအရှေ့ သြဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်ပညာရေးဌာန၊ မိဘ၊ ဆရာများပူးပေါင်း၍ အဟာရရက်သတ္တပတ် လှုပ်ရှားမှုအနေဖြင့်ကျောင်းသား၊ ကျောင်းသူများအတွက် ကြက်သားဆန်ပြုတ်တိုက်ကျွေးခြင်းကို အမှတ်(၄)ရပ်ကွက် အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပညာရေးဌာနမှ မြို့နယ်ပညာရေးမှူး ဒေါ်ထူးထူးလွင် တက်ရောက်၍ အဟာရရက်သတ္တပတ်အဖြစ် ကျန်းမာဖွံ့ဖြိုးရေး ကျောင်းသား၊ကျောင်းသူများအား အဟာရဖြင့် ကြက်သားဆန်ပြုတ်တိုက်ကျွေးမှုအပေါ် မိဘများ၊ ပူးပေါင်းဆောင်ရွက်ကြသည် အမက(၁) ဆရာ၊ဆရာမများ ကျေးဇူးတင်စကားပြောကြား၍ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိသော အဓိကလုပ်ငန်းများဖြစ်သော ကျန်းမာရေးအသိပညာပေးရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျောင်းအခြေပြုရောဂါ ကာကွယ်ရေး၊ ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေးနှင့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်နေမှုများအား မိဘများ၊ ကျောင်းအုပ် ဆရာ၊ဆရာမများအား ရှင်းလင်းပြောကြားခဲ့၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ပူးပေါင်းပါဝင်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၉၂)ဦးရှိကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)