ညောင်ဦး ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချလျက်ရှိသော စက်သုံးဆီရောင်းဝယ်ရေးဆိုင်များကို ယနေ့နံနက် ၁၀ နာရီအချိန်ကညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများ လိုက်လံ စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများကကျောက်ပန်းတောင်းမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချ လျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များအားသွားရောက်ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူ များစက်သုံးဆီအဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီပြတ်လပ် မှုမရှိစေရေးနှင့်ပုံမှန် ဖွင့်လှစ်ရောင်းချနိုင်ရေး ကြိုပမ်းဆောင် ရွက်ရန်၊ စက်သုံးဆီများသတ် မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်းမပြုပဲ၊ အချင်အတွယ် မှန်ကန်စွာရောင်းချရေး ၊မီးဘေးလုံခြုံရေး အထူး သတိပြုလိုက်နာဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများနှင့်ပူးပေါင်းအဖွဲ့က စက်သုံးဆီဆိုင်များအလိုက် ဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဆီသိုလှောင်ထားရှိမှုအခြေ အနေ၊ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ စနစ်တကျ စီစဉ်ဆောင်ရွက်ထားမှု ရှိ/မရှိတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး ဒေသတွင်းပြည်သူများစက်သုံးဆီ အဆင်ပြေစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရေးအလေးထားဆောင်ရွက် သွားရန်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိစက်သုံး ဆီအရောင်းဆိုင်များဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာ ဝယ်ယူနိုင်ရေးပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။
ကိုကြေးမုံ