ဒဂုံမြို့နယ်တွင်‌ ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ဒဂုံ ဩဂုတ် ၁၀

ရန်ကုန်တိုင်း‌ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် မိုးရာသီ၌အဖြစ်များသော ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာ‌ကွယ်နိုင်ရန်အတွက် ဆေးဖျန်းခြင်း လုပ်ငန်းများကို ပြည်အ​ရှေ့ရပ်ကွက်၊ အလုံလမ်း/ ဦးဝိစာရလမ်း၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ဝင်းအတွင်းရှိ ပန်းဥယျာဉ်ဝန်ထမ်းလိုင်းခန်းများတွင် ​သွေးလွန်တုပ်​ကွေး​ရောဂါ ကာကွယ်​ရေးအတွက် ယမန်နေ့ နံနက် ၁၀:၁၅ နာရီအချိန်က‌ ဆေးဖြန်းခြင်း၊ အဘိတ်​ဆေးခပ်ခြင်း၊ ဖုံးသွန်လဲစစ်ဆောင်ရွက်ခြင်း၊ လက်ကမ်းများ​ဝေငှခြင်းတို့ကို တစ်အိမ်တက်ဆင်း​ လိုက်လံ​ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆေးဖျန်းရာတွင် မိုးရာသီအချိန်ကာလအတွင်း အဖြစ်များသော ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခြင်ခိုအောင်းရာနေရာများ ဖြစ်‌သော ရေမြောင်းများနှင့် လူနေအိမ်ပတ်၀န်းကျင်တို့ကို ခြင်​ဆေးမှုတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့‌ဆေးဖျန်းရာတွင် ကလေးငယ်များ ခြင်ကိုက်ခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါနှင့် ရာသီတုပ်‌ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ခြင်းလောင်းသားပေါက်များ၊ ပိုး‌လောက်လန်းများ ပေါက်ဖွားနိုင်သည့် နေရာများ၊ စွန့်ပစ်ပစ္စည်းများအတွင်း ဝင်ရောက်နေသည့် ပိုးလောက်လန်းအန္တရာယ်များမှ ကင်းရှင်း‌ရေးအတွက် ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့သည်။ နေအိမ်များအတွင်းရှိ ခြင်ခိုအောင်းနိုင်သော နေရာများအား ခြင်ဆေးမှုတ်ခြင်း၊ ရေဝပ်သောနေရာများ၊ ရေစည်၊ ရေအိုးများအတွင်း သို့အဘိတ်ဆေးခပ်ခြင်းနှင့်‌ ဆေးဖျန်းခြင်းလုပ်ငန်းများစသည်တို့ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဖွဲ့များ၊ မြို့နယ်စည်ပင်သာယာအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င်များ ပူးပေါင်း၍ ရာသီတုပ်ကွေး‌ရောဂါ ကြိုတင်ကာကွယ်နိုင်​ရေးအတွက် ဆောင်ရွက်ခဲ့ကြ ကြောင်း သတင်းရ သည်။

မေသန္တာ