ရေနံလက်ယက်တွင်းတူး​ဖော်ရန်​လျှောက်ထားသည့်လုပ်ငန်းရှင်များအား​ရေနံတူးဖော်ခြင်းနှင့် ပတ်သက်သည့် အသိပညာ​ပေး​ဆွေး​နွေးပွဲ ကျင်းပ

ချောက် သြဂုတ် ၁၀

မ​ကွေးတိုင်း​ဒေသကြီး​၊ ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ ရေနံလက်ယက်တွင်း တူး​ဖော်ရန်​လျှောက်ထားသည့် လုပ်ငန်းရှင်များအား​​ ရေနံတူး​ဖော်ခြင်းနှင့် ပတ်သက်သည့် အသိပညာ​ပေး​ဆွေး​နွေးပွဲကို ယ​မန်​နေ့က အမှတ်(၂)​လုပ်သားများ အပန်း​ဖြေရိပ်သာ ​ချောက်ရေနံ​မြေလုပ်ငန်းခွင်သင်တန်း​ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ​ ချောက်ခရိုင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်​ရေးမှူး ဦး​ကျော်စိုးက အဖွင့်အမှာစကား​ ပြောကြားပြီး ချောက်/လမ်းရွာ​​ရေနံ​မြေ အ​ထွေ​ထွေမန်​နေဂျာက​ရေနံလက်ယက်တွင်း တူး​ဖော်ခြင်းနှင့်ပတ်သက်၍​ ဆွေး​နွေး​ပြောကြားခဲ့သည်။ ဆက်လက်၍ ချောက်/လမ်းရွာ​​ရေနံ​မြေအင်ဂျင်နီယာချုပ် (တူး​ဖော်​​ရေး)နှင့် ဘူမိ​ဗေဒအရာရှိတို့က ​ရေနံလက်ယက်တွင်း တူး​ဖော်ခြင်းနှင့်ပတ်သက်၍လည်း​ကောင်း၊ မြို့နယ်ဥပ​ဒေအရာရှိက ရေနံလက်ယက်တွင်း ဥပ​ဒေ၊ နည်းဥပ​ဒေများနှင့် ပတ်သက်၍လည်း​ကောင်း၊ မြို့နယ်သစ်​တောဦးစီးမှူးက ရေနံလက်ယက်တွင်း တူး​ဖော်ခြင်း​ကြောင့် သစ်​တော၊ သစ်ပင်များ မထိခိုက်​​စေရေး သတိပြု​ ဆောင်ရွက်ရမည့် အချက်များကိုလည်း​ကောင်း၊​သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း​ရေးဦးစီးဌာန ဦးစီးအရာရှိက ရေနံလက်ယက်တွင်း တူး​ဖော်ရာတွင် သဘာဝ ပတ်ဝန်းကျင် မထိခိုက်​စေ​ရေးအတွက် သတိပြု​ ဆောင်ရွက်ရမည့် ကိစ္စများနှင့်ပတ်သက်၍လည်း​ကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးက ​ရေနံလက်ယက်တွင်းတူး​ဖော်ရာတွင် မီး​လောင်မှု မဖြစ်ပွား​စေ​ရေးအတွက်​ဆောင်ရွက်ရမည့်

ထို့နောက် တက်​ရောက်လာသည့်​ ရေနံလက်ယက်တွင်း တူး​ဖော်ရန်​လျှောက်ထားသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာတာ ဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြား​ပေးခဲ့​ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)