မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဒုတိယအကြိမ် အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးရေးအဖွဲ့ရုံးခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များကို လေလံတင်ရောင်းချနိုင်ရေးအတွက် လေလံရောင်းချမှု ကြီးကြပ်ရေးအဖွဲ့၊ လေလံရောင်းချရေးအဖွဲ့တို့ပါဝင်သော ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ အရပ်ရပ်အခွင့်အရေးဆိုင်ရာလိုင်စင်တစ်မျိုးခြင်း၏ လေလံသင့်တန်ဘိုးနှင့် လေလံစည်းကမ်းများသတ်မှတ်ရေး၊ လေလံကြော်ငြာများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ကြိုတင်ဆောင်ရွက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။