ကာလိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ရှမ်းပြည်နယ်(တောင်ပိုင်း) ကာလိမြို့၊ မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့် အခြားသော မီးမတော်တဆမှုများနှင့်ပတ်သတ်သည့် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပြီး မီးလောင်မှု၊ မီးလှန့်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးများ(DCP)ဖြင့် လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးများပူးပေါင်း၍ မီးသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့က ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

အသက်မွေး၀မ်းကြောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်

အသက်မွေး၀မ်းကြောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ် မိုင်းယောင်း ဒီဇင်ဘာ ၁၆ ဝေဝေခိုင်(ပြန်/ဆက်)

ချောက်မြို့၌ အမျိုးသမီးမိတ်ကပ်အလှပြင်သင်တန်း ဖွင့်လှစ်

မ​ကွေးတိုင်းဒေသကြီး၊ ​ချောက်ခရိုင်၊​ ချောက်မြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ အမျိုးသမီးမိတ်ကပ်အလှပြင်သင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက် မိုင်းယောင်း ဒီဇင်ဘာ ၁၆ ဝေဝေခိုင်(ပြန်/ဆက်)

လဲချားမြို့နယ် ဟိုရင်(မူလွန်)ကျောင်းတွင် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ ဟိုရင်(မူလွန်)ကျောင်းတွင် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံ​နက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

နေပြည်တော်ကောင်စီ၊ ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီသို့ ရောက်ရှိပြီဖြစ်သည့်အတွက် မီးလောင်မှုနှင့် မီးလန့်မှုများမဖြစ်ပွားစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိဈေး၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံရေး ဆီထွက်သီးနှံဆောင်းနေကြာ (၉၅၈၀)ဧက စိုက်ပျိုး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာဧက (၉၅၈၀)စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အင်ဖက်များအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ်၌ ဒုတိယအကြိမ် အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဒုတိယအကြိမ် အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးရေးအဖွဲ့ရုံးခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များကို လေလံတင်ရောင်းချနိုင်ရေးအတွက် လေလံရောင်းချမှု ကြီးကြပ်ရေးအဖွဲ့၊ လေလံရောင်းချရေးအဖွဲ့တို့ပါဝင်သော ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ အရပ်ရပ်အခွင့်အရေးဆိုင်ရာလိုင်စင်တစ်မျိုးခြင်း၏ လေလံသင့်တန်ဘိုးနှင့် လေလံစည်းကမ်းများသတ်မှတ်ရေး၊ လေလံကြော်ငြာများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ကြိုတင်ဆောင်ရွက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to