မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲပေးသည့်စက်ဖြင့် ဆန္ဒမဲပေးနည်း သရုပ်ပြပွဲပြုလုပ်

မြို့နယ်ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က မဲပေးသည့်စက်ဖြင့်ဆန္ဒမဲပေးနည်း သရုပ်ပြပွဲပြုလုပ်ကို ဒီဇင်ဘာလ ၅ ရက်နေ့နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ အကွက်၊ ၁၅၃၊ လမ်း ၂၀×၈၂ လမ်းထောင့်၊ တဝဂူမြတ်စွာဘုရားဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းတွင် ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာစာသင်ကျောင်းများ၊ လူစည်ကားရာနေရာများနှင့် ရပ်ကွက်များတွင် ဖြန့်ဝေပေးခဲ့သည်။

ကျိုက်မရောမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျိုက်မရောမြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၄ ရက်နံနက် ၉ နာရီက ကျိုက်မရော ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အမရပူရမြို့နယ်၌ လူရည်ချွန်ရွေးချယ်စာမေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ဒီဇင်ဘာ ၃ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

တောင်ငူမြို့၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ မူလွန်ကန်တော်ကျောင်း၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်သည်။

ကျိုက်ထိုမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေး များအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သရက်ချောင်းမြို့နယ် လူရည်ချွန်စာမေးပွဲ၌ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းများ ပြုလုပ်

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသော ကျောင်းသား/သူများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၅–၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီက သရက်ချောင်းမြို့၊ မြို့နယ်ပညာရေးမှူးရုံးအရှေ့နှင့် (အ-ထ-က) သရက်ချောင်းကျောင်း ပညာရတနာခန်းမတို့တွင် ပြုလုပ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မီးသတ်ဦးစီးဌာန သင်တန်းခန်းမတွင် ယနေ့နံနက် ၉ နာရီက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၅) ဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲတွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအလယ်တန်း၊ အထက်တန်း မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲတွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက်(၇)နာရီက မြို့နယ်အားကစားပြိုင်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ရွေးကောက်ပွဲပြုလုပ်မည့် မဲရုံများ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့်မဲရုံများ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
Subscribe to