YMBA (ဗဟို)မှ ကြီးမှူး၍ ရှမ်းပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးမှကျင်းပသည့် (၇၄)ကြိမ်မြောက် ဗုဒ္ဓ၀င်နှင့်(၃၈)ဖြာမင်္ဂလာစာမေးပွဲ အောင်မြင်သူများအား ဆုနှင်းသဘင်အခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် YMBA(ဗဟို)မှကြီးမှူး၍ ရှမ်းပြည်နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းမှကျင်းပသည့် (၇၄) ကြိမ်မြောက်ဗုဒ္ဓ၀င်နှင့် (၃၈)ဖြာ မင်္ဂလာစာမေးပွဲ အောင်မြင်သူများအားချီးမြှင့်သည့် ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်ရှိ သာသနာလင်္ကာရ ကမ္ဗောဇသာသနာ့ဗိမာန်၌ ကျင်းပသည်။