မိတ္ထီလာမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာများ စိုက်ထူ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ မြေစိုက်ပိုစတာများကို ဒီဇင်ဘာလ ၄ ရက်နေ့က လူစည်ကားရာနေရာများတွင် စိုက်ထူထားရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့များမှ နိုဝင်ဘာလ (၂၇) ရက်နေ့မှ ဒီဇင်ဘာလ (၄) ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများ၌ အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးပေးကြကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း door to door ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ကျိုက်မရော မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောက်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း door to door မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်းကို ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ဘိုကလေးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သစ်တိုချောင်းကျေးရွာအုပ်စု၊ သစ်တိုမူလွန်ကျောင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီခွဲ အချိန်၌ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ အားကစားစိတ်ဓာတ်မြင့်မားရေးနှင့် စားသုံးရေးရာ ကာကွယ်ရေးဟောပြောပွဲများ၊ ပြပွဲများ ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မလှိုင်မြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးကွင်းပြတ် စံကွက်ရိတ်သိမ်းခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့က ရုံးတောကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်အတွင်း ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စိစစ်

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများမှန်ကန်မှုရှိစေရေး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းမှ ပုံစံ (၃) ၊ (၄) ၊ (၄-ဂ) စာရင်းများ တိုက်ဆိုင်စိစစ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

အီလက်ထရောနစ်မဲပေးစက် နည်းပညာအထောက်အကူပြုဆင့်ပွားသင်တန်း ကော့ကရိတ်မြို့တွင် ဖွင့်လှစ်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်‌ရေးအတွက် အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ နည်းပညာအ‌ထောက်အကူပြု ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကော့ကရိတ်မြို့၊ အမှတ် (၃) ရပ်ကွက်ရှိ ဒေါနခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဘေးထောင့်ကန်ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊ ဘီအိုစီကားမှတ်တိုင်နှင့် ငမိုးရိပ်ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊ စံပြဈေးကားမှတ်တိုင်တို့ရှိ ခရီးသွားပြည်သူများနှင့် ဦးတင်ဦးလမ်းပေါ်ရှိ ပျံကျဈေးအတွင်း ဈေးရောင်းချနေသော ဈေးဆိုင်များ၊ လမ်းသွားလမ်းလာပြည်သူများထံသို့ "ဒို့အတူတူမဲပေးကြမယ်" စာသားနှင့် "ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့" စာသားများပါ လက်ကမ်းစာစောင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ ပြန်/ဆက်ဦးစီးမှူး ဒေါ်ဝါဝါဝင်းမြိုင်ပါဝန်ထမ်းများဖြင့် လက်ကမ်းစာစောင် (၁၀၀၀) စောင်အား ဒီဇင်ဘာလ ၄ ရက်နေ့နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ပါကြောင်းနှင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် ထွန်းထွန်းလတ်ဦးစီး (၁+၆) ဦးတို့မှ လုံခြုံရေးလိုက်ပါဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်ဆည်မြို့နယ်၌ လူရည်ချွန်ရွေးချယ်ခြင်း အားကစားပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ဉာဏ်ပညာထူးချွန်ထက်မြတ်ပြီး ကိုယ်ကာယကျန်းမာသန်စွမ်း၍ အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသားလူငယ်များ ပေါ်ထွန်း လာစေရန်ရည်ရွယ်၍ လူရည်ချွန်စာမေးပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အားကစားကွင်းတွင် လူရည်ချွန်ရွေးချယ်ခြင်း အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to