မိုင်းယန်းမြို့နယ်၌ ခြံလှောင်စနစ်မွေးမြူးရေးနှင့် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံပြည်သူများ မွေးမြူရေးဆိုင်ရာလုပ်ငန်းများအတွက် ခြံလှောင်စနစ်မွေးမြူးရေးနှင့် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မိုင်းလွေကျေးရွာအုပ်စု၊ ပန်ဆောင်ကျေးရွာ၌ ပြုလုပ်ကြောင်း သိရသည်။

စလင်းမြို့၊ မြို့မစည်ပင်သာယာစျေး၌ ပလတ်စတစ်အိတ်သုံးစွဲမှုလျှော့ချရေး ပလတ်စတစ်အိတ်ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေး၌ ရောင်းချကြသည့် စျေးသည် စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းသက်သာစေရေး ပလတ်စတစ်အိတ်သုံးစွဲမှုလျှော့ချသုံးစွဲ လျော့နည်းသက်သာစေရန် အသိပညာပေးခြင်း(Campaign)နှင့် အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ဝန်ထမ်းများကပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့သစ်မြို့နယ်တွင် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေး စိစစ်ကြပ်မတ်စစ်ဆေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ပြည်သူများ ကြွပ်ကြွပ်အိတ်၊ တစ်ခါသုံးပလတ်စတစ်အိတ်များ လျော့နည်းသုံးစွဲစေရေးအတွက် အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေးကြပ်မတ်စစ်ဆေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် "မြို့မ"ဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များခင်းကျင်းပြသ

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆးသည်။

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ရောင်တော်ဖွင့်အနေကဇာတင်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ Belt and Road (၁၁) နှစ်ပြည့် အထိမ်းအမှတ် အလင်းတန်းဆီမီးထွန်းညှိပူဇော်ခြင်း အခမ်းအနားများ ကျင်းပ

ယနေ့သည့် နတ်တော်လပြည့်နေ့ဖြစ်သည့်နှင့် အားလျော်စွာ နှစ်စဥ်ကျင်းပမြဲဖြစ်သော ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီမှူးကျင်းပသည့် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ရောင်တော်ဖွင့်အနေကဇာတင်ခြင်းနှင့် မြန်မာအနုပညာနှင့် ယဉ်ကျေးမှုအသင်းမှ အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့ Belt and Road (၁၁)နှစ်ပြည့် အထိမ်းအမှတ်သံဃအပါး ၉၀ အားဆွမ်းဆက်ကပ်ခြင်းနှင့် အလင်းတန်းဆီမီးထွန်းညှိပူဇော်ခြင်း အခမ်းအနားများကို ယမန်နေ့ နံနက် ၅ နာရီမှစတင်၍ အဆိုပါစေတီတော်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားတက်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

မိုးညိုမြို့နယ်၌ Vape ရောင်းချခြင်းမပြုရန် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ E- cigarette and Vape များ ရောင်းချခြင်းမပြုရန် စစ်ဆေးခြင်း၊ သတိပေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးဘေးအန္တရာယ်မှကင်းဝေးစေရန် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အမှတ်(၄)ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိခဲ့ရာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်းကောင်း၊ လူငယ်သင်တန်းကျောင်း သင်တန်းကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကိုလည်းကောင်း ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
Subscribe to