မိုင်းပန်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မဲဆန္ဒနယ်မှ ၂၀၂၅ ခုနှစ် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး၏ လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ယနေ့နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာများ၌ ကြေညာထားရှိသည်။