အင်္ဂပူမြို့ သမိုင်းဝင်ရွှေဆံတော်စေတီမြတ်ကြီးတွင် (နတ်တော်လပြည့်နေ့)ဝါပကာလ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့အတွင်းရှိ သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဝါပကာလတွင် ဆွမ်းဆန်များ အဆင်ပြေစေရေးအတွက် (နတ်တော်လပြည့်နေ့) ယနေ့နံနက်ပိုင်းက အင်္ဂပူမြို့ သမိုင်းဝင်ရွှေဆံတော်စေတီမြတ်ကြီးတွင် (ဝါပကာလ) ဆွမ်းဆန်စိမ်းများ လောင်းလှူပွဲ ပြုလုပ်ခဲ့သည်။