နမ္မတူ ဩဂုတ် ၁၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူ မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များဆုံးရာသီ၊ ရောဂါလက္ခဏာများ၊ အန္တရာယ်ရှိသော ရောဂါလက္ခဏာများ၊ သွေးလွန်တုပ်ကွေးရောဂါ ဟုတ်မဟုတ် သိရှိနိုင်သည့်နည်းလမ်းများ၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလျှင် အချိန်မီကုသမှုခံယူရန် နည်းလမ်းများ မိမိကိုယ်နှင့် မိမိပတ်ဝန်းကျင်အား သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပြန်ပွားမှုမရှိအောင် ကြိုတင်ကာကွယ်ရန်နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲသို့ ဒေသခံပြည်သူ (၁၀)ဦးခန့် တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအား မေးမြန်ဆွေးနွေးရာ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
လူမော်(ပြန်/ဆက်)