ကွတ်ခိုင်မြို့နယ်တွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများအား ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းဆောင်ရွက်

ကွတ်ခိုင်   ဩဂုတ် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် စက်တင်ဘာ () နေ့၌ ကျင်းပပြုလုပ်မည့် မြန်မာတိုင်းရင်းသားတို့၏ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကို အခက်အခဲမရှိ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများအား လုပ်ငန်းကော်မတီများ ဖွဲ့စည်းတာဝန်ပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကွတ်ခိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မှ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့များအား စက်တင်ဘာ ()ရက်နေ့၌ ကျင်းပပြုလုပ်မည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ခရိုင်အဆင့်အနေဖြင့် ယှဉ်ပြိုင်ကာ ထူးချွန်ပြီးအရည်အချင်းပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်၍ ပြည်နယ်အဆင့်၌ ပါအနိုင်ရရှိနိုင်သည့် ကျောင်းသား/သူ များဖြစ်အောင် လေ့ကျင့်ပေးကြပါရန်နှင့် ပြိုင်ပွဲတွင်အခက်အခဲမရှိ အဆင်ပြေစွာကျင်းပပြုလုပ်နိုင်ရန်အတွက် ပြိုင်ပွဲအတွက် ဖွဲ့စည်းထားသည့် ကော်မတီအဖွဲ့များအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းတာဝန်များတွင် အကောင်းဆုံးကြိုးစားပေးကြပါရန်ပြောကြားပြီး အခမ်းအနားအတွက် လိုအပ်သည့်အကြောင်းအရာများအား ဆက်လက်ဆွေးနွေး သွားကြောင်း သိရပါသည်။

ထိုကဲ့သို့(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက်လည်း ကော်မတီ()ဖွဲ့ဖြစ်သော (က)အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ () အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ကော်မတီ၊() ဖိတ်ကြားရေး၊ ပြန်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် မှတ်တမ်းတင်ရေး လုပ်ငန်းကော်မတီ၊() ဘဏ္ဍာငွေရှာဖွေရေးကော်မတီ၊() အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းကော်မတီ၊() သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊() ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကော်မတီ၊(လုံခြုံရေးလုပ်ငန်းကော်မတီ၊() ဆုချီးမြှင့်ရေးလုပ်ငန်း ကော်မတီ စသည်ဖြင့် ဖွဲ့စည်းထားကြောင်းလည်း သိရသည်။

ချစ်မျိုးဦး(ကွတ်ခိုင်)