မိုင်းနောင် ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် မိုင်းရှူးခရိုင် အမျိုသမီးရေးရာ အဖွဲ့မှကြီးမှူး၍ အမျိုးသမီးငယ်များဘဝ ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မိုင်းရှူးခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းလီက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မိုင်းနောင် နယ်မြေရဲစခန်းမှ ရဲအုပ်ဇော်ဝင်းက မူးယစ်ဆေးဝါးနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ အထက်တန်းသူနာပြု ဒေါ်နန်းမိညိုမှ အမျိုးသမီးငယ်များနှင့် AIDS ကူးစက်ရောဂါများ အကြောင်းနှင့်ကာကွယ်ရမည့် နည်းလမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နန်းမီးက အမျိုးသမီးငယ်များနှင့် (Vape) အန္တရာယ်အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် မိုင်းရှူးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းလီမှ ဟောပြောပွဲတွင် ဦးဆောင်ဟောပြောသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ကာ (ရှမ်းဘာသာ) ဖြင့် ထုတ်ဝေထားသော အမျိုးသမီးငယ်များနှင့် ပတ်သက်သည့် ဘဝလုံခြုံရေး အသိပညာပေး စာစောင်များအား ဖြန့်ဝေပေးကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)