ကြံခင်းမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် လေပြင်းဘေးအန္တရာ အသိပညာပေး (Talk Show)

ကြံခင်းမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် လေပြင်းဘေးအန္တရာ အသိပညာပေး (Talk Show) ကြံခင်း အောက်တိုဘာ ၁ ဖြိုးဝေလင်း(ကြံခင်း-ပြန်/ဆက်)

မတ္တရာမြို့နယ်၌ အသက်နှစ်နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံတွင် အသက်နှစ်နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မတ္တရာမြို့နယ်၌  မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ကြေညာထား

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ ခုနှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသည့် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃ဝ ရက်မှ စတင်၍ ပထမအကြိမ်အဖြစ် ကြေညာထားကြောင်းသိရသည်။  

ပြင်ဦးလွင်မြို့တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ  

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့တွင်  ၆၁) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားကို  ယနေ့ နံနက် ၉ နာရီခွဲက  ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲကျော်သူခန်းမဆောင်၌ ကျင်းပသည်။ ဦးစွာ  ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲထူးက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ခရိုင်အတွင်းရှိရဲစခန်းများမှ ကြိုးစားအားထုတ်မှု၊ မှုခင်းဖော်ထုတ် ဖမ်းဆီးရရှိမှု၊ ပြေးလေးပြေးဖော်ထုတ်ရရှိမှုစသည့် ဆုရရှိသည့် ရဲတပ်ဖွဲ့ဝင်များကို ဆုများပေးအပ်ချီးမြှင့်ကြသည်။

မဟာ‌အောင်မြေမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များကို အထူးသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ

‎မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်း ဒေသကြီး ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ ငါးများကို အထူးသက်သာသော ဈေးနှုန်းဖြင့် ရုံးဖွင့်ရက်များတွင်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ ၇၃ လမ်း၊ ၄၃ လမ်းထောင့် ၊ တက္ကသိုလ်လေ့ကျင့်ရေးရှေ့တွင် ရောင်းချသည်။

ကော့သောင်းမြို့နယ်တွင် ဘေးအန္တရာယ်ကင်းရှင်းသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ ထုတ်လုပ်ခြင်းနည်းပညာ‌ပေး သင်တန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန (၁၀)မိုင် စိုက်ပျိုးရေး ဥယျာဉ်ခြံတွင် ဘေးအန္တရာယ်ကင်းရှင်းသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်များ ထုတ်လုပ်ခြင်းနည်းပညာ‌ပေးသင်တန်းကို  ယနေ့နံနက်ပိုင်းကကျင်းပသည်။

သာစည်မြို့တွင် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်  စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများ၏ လုပ်ငန်းညှိနှိုင်းစည်းဝေးကို စက်တင်ဘာ ၃၀ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
Subscribe to