အုတ်တွင်း သြဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဒေသအတွင်းစားသုံးဆီဖူလုံစေရေး၊ မျိုးကောင်း၊ မျိုးသန့်ရရှိထုတ်လုပ်နိုင်စေရေးနှင့် တိရစ္ဆာန်အစားအစာအဖြစ် အစေ့ထုတ်ပြောင်းစိုက်ပျိုးထားရှိမှု အခြေအနေများကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆင်းရွှေကြာ-၂မိုး နေကြာမျိုးစေ့ထုတ်စိုက်ပျိုးမှုနှင့် တိရစ္ဆာန်အစားအစာအဖြစ် အစေ့ထုတ်ပြောင်း စိုက်ပျိုးထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုအားပေး၍ လိုအပ်သည်များဖြည့်ဆည်း ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဒေသခံပြည်သူများ စားသုံးဆီဖူလုံစေရေးအတွက် ရည်ရွယ်၍ မိုးနေကြာလျာထား ဧက (၂၅)ဧက ရှိပြီး၊ လျာထားဧက စိုက်ပျိုးပြီးစီးကြောင်းနှင့် တိရစ္ဆာန်အစားအစာအဖြစ် အစေ့ထုတ်ပြောင်းစိုက် ဧက ၂၀၅ လျာထား ဆောင်ရွက်ခဲ့ပြီး ယခုလက်ရှိအစေ့ထုတ်ပြောင်းစိုက် ဧက (၉၄) စိုက်ပျိုးပြီးကြောင်းနှင့် စိုက်ဧကလျာထားချက် ပြည့်မီစိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)