ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာနှင့်အဖွဲ့ ကွင်းဆင်းကြည့်ရှု

ရွှေတောင် သြဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာနှင့်အဖွဲ့မှ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သရက်တောရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းပိုင် သားဖွားဆောင်တွင် ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်တွေ့ဆုံခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် (၁၃) ဦး အားတစ်ဦးလျှင်ငွေသား (၅၀၀၀ိ/-) ကျပ်နှင့် အာဟာရပြည့်ဝစေသည့် အစားအစာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် သားဖွားဆောင်အတွက်လိုအပ်သော ထောက်ပံ့ပစ္စည်းများကို​​ ထောက်ပံ့ ပေးအပ်ပြီး မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်းတွင် မူကြိုကလေးငယ် (၂၀)ဦးအား အာဟာရကျွေးမွေးခြင်းနှင့် မူလတန်းကြိုကျောင်းတွင် လိုအပ်သော ကလေးကစားစရာအရုပ်များကို ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာနှင့်အဖွဲ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိကာမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ နှင့်တွေ့ဆုံပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ယွန်းတန်းရပ်ကွက် အတွင်းရှိ ရွှေမျက်မှန်ဘုရားသို့ သွားရောက်ဖူးမျှော်၍ ပန်း၊ ရေချမ်း၊ ဆီးမီးဆပ်ကပ်လှူခဲ့ပြီး အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန်/ ဆက်)