အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center တွင် စာဖတ်ဝိုင်းပြုလုပ်

အုတ်ဖို သြဂုတ် ၁၁

အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ စာပေ ချစ်သူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ ကိုရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် မြို့နယ်ရုံးဝန်ထမ်းများနှင့် Book Club အဖွဲ့ဝင်များက ဆရာစိန်လင်းရေးသားသည့် ခေါင်းဆောင်မှုအနုပညာ စာအုပ်ပါ စာတမ်းခေါင်းစဉ်များအလိုက် တစ်ဦးချင်းဖတ်ကြားဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းကို မြို့နယ်ပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်စွာ အသုံးပြု၍ ကျောင်းသားလူငယ်များအနေဖြင့် အသိပညာဗဟုသုတ ပြန့်ပွားရေး၊ စာပေဖတ်ရှုမျှဝေ ဆွေးနွေးနိုင်ရေးအတွက် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်သူ