တကောင်းမြို့ လူထုအခြေပြုဗဟိုဌာ (Community Centre)ခန်းမတွင် Mobile Phone ဖြင့် ဗီဒီယိုတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်

တကောင်း ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက Mobile Phone ဖြင့် ဗီဒီယိုတည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်သီရိအောင်က ကျောင်းသားလူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန်၊ အသိပညာဗဟုသုတတိုးတက်မြင့်မားစေရန်နှင့် နည်းပညာတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ သင်တန်းဖွင့် လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Mobile Phone ဖြင့် ဗီဒီယိုတည်း ဖြတ်နည်းဆော့ဝဲ(လ်)အသုံးပြုပုံအား သင်ကြားပြသခဲ့သည်။ အဆိုပါ Mobile Phone ဖြင့် ဗီဒီယိုတည်းဖြတ်နည်းသင်းတန်းသို့ တကောင်းမြို့ရှိ သင်တန်းသား၊ သင်တန်းသူ(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သီရိအောင် (တကောင်း)