ဖြူး ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ (၅)နှစ်အောက် ကလေးငယ်များနှင့် ကျောင်းသားလူငယ်များ အာဟာရပြည့်ဝပြီး ရောဂါကင်းစင်စေရေးအတွက် ရည်ရွယ်ကာ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှု်ပရှားမှု အခမ်းအနားကို ဖြူးမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချု်ပရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်(၁) ဗိုလ်မှူးလှမျိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင်(၁၀၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာအာကာက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှု်ပရှားမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော နို့တိုက်မိခင်နှင့်ကိုယ်ဝန်ဆောင်များအား ကြက်ဥ၊ အိုင်အိုဒင်းဆား၊ သံဓါတ်အားဆေးများ ဝေငှပေးခဲ့ပြီး (၆)လမှ (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ၊ (၂)နှစ်မှ (၉)နှစ်အထိ ကလေးငယ်များအား သံချဆေးများ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်