ပြင်ဦးလွင်မြို့တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုဆောင်ရွက်

ပြင်ဦးလွင်  ဩဂုတ်    ၁၂      

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုကို ယနေ့နံနက် ၁၀နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊  ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။  

ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး၊  ဦးဇော်မင်းထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာ မေစံပယ်စိုးမှ ကျောင်းကျန်းမာရေးနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့၍  ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကျန်းမာရေးသုံးပစ္စည်းများဖြစ်သည့်   Masks နှင့်   Hand  Gel  များကို ပေးအပ်ခဲ့ရာ အ.ထ.က ( ၂) ကျောင်းအုပ်ကြီးမှ လက်ခံရယူခဲ့သည်။ 

ဆက်လက်ပြီး   ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ခင်းကျင်းပြသထားသည့် ရောဂါကာကွယ် စေသော အစာအုပ်စုများ၊ အင်အားဖြစ်စေသော အစာအုပ်စုများ၊ ခန္ဓာကိုယ်ကြီးထွားစေသော အစာအုပ်စုများနှင့်  ဖုံး၊ သွန်၊ လဲ၊ စစ်  စသည့်တို့တို့အား တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများအား  အာဟာရဖြည့်စွက်အစားအစာများ ကျွေးမွေးခဲ့ကြောင်းသိရသည်။  

ခရိုင်(ပြန်/ဆက်)