ကျိုက်လတ်၌ "အောင်မြင်ဖို့အချိန်"စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ

ကျိုက်လတ်    သြဂုတ်  ၁၂

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  တွင် ယနေ့ နံနက် (၁၀) နာရီ က Youth Club  နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ  ချစ်နိုင် (စိတ်ပညာ) " အောင်မြင်ဖို့ အချိန်"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် စာပေအကြောင်း အရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန် စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် Youth Club အသင်းဝင် မနှင်းအေးမိုးက '' အောင်မြင်ဖို့အချိန် " ဆောင်းပါး နှင့် စာပေဝါသနာရှင် မလဲ့လဲ့ဝင်း က '' အောင်ရာအောင်ကြောင်း"ဆောင်းပါးတို့ကို ဆွေးနွေးခဲ့ရာ တက်ရောက် လာကြသူများ က ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရီရီမြင့်