ကွမ်းလုံ ဩဂုတ် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ဓမ္မစာရီကျောင်းဆောင်သစ် ရေစက်ချ အလှူမင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က သာသနာ့အလင်းရောင်(တံတားဦး) ကျောင်းတိုက်တွင်ကျင်းပပြုလုပ်ရာ ကွမ်းလုံအခြေချစစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မြင့်ဇော်၊ ဒေါက်တာမျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင် မောင်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ရပ်မိရပ်ဖများ၊ တရားနာဧည့်ပရိသတ်များ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး တရားနာဧည့်ပရိသတ်များက ကွမ်းလုံမြိုနယ် သံဃနာယကအဖွဲ့ဉက္ကဋ္ဌ မဟာသဒ္ဒမဇောတိကဓဇ ဘဒ္ဒန္တဉာဏိကထံမှ ငါးပါးသီလကို ခံယူစောင့်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များမှ ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဇျာယ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် လှူဖွယ်ပစ္စည်းများကို ကွမ်းလုံအခြေချစစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူး ကြီးမြင့်ဇော်နှင့် ဇနီးဒေါ်ညိုညိုခိုင်တို့မှလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ဇနီးဒေါက်တာခင်ခင်ထူး၊ ပါမောက္ခဌာနမှူး(ညိမ်း) တို့ ကိုယ်စား ဒေါက်တာမျိုးထွန်းနှင့် ဇနီးဒေါ်စိန်ရီတို့မှလည်းကောင်း၊ တောင်ကြီးမြို့ လင်းမြတ်နိုင်ကုမ္ပဏီမှ ဦးစိုးလင်းနှင့် ကွမ်းလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင် မောင်တို့မှလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက်လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းပေးခဲ့ကြောင်း သတင်းရသည်။
မြို့နယ်(ပြန်/ဆက်)