ကျောက်တံတားမြို့နယ်တွင် ဌာနဆိုင်ရာများပူး‌ပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျောက်တံတား ဩဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ()နာရီက ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်စိန် က ဌာနဆိုင်ရာများ အနေဖြင့် လုံခြုံရေးကို အထူးဂရုပြုရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မိမိတို့မြို့နယ်အတွင်း  ပြည်သူအားလုံး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/) Software Programs တွင် ရေးသွင်းခြင်းလုပ်ငန်းများ သတ်မှတ်ရက်တွင် ပြီးစီးအောင် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရွှေဇင်ခိုင် (ပြန်/ဆက်)