အိမ်မဲ သြဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွှေအိမ်ရတနာ ဘိုးဘွားရိပ်သာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့နံနက် (၁၀) နာရီတွင် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့သွားရောက်လှူဒါန်းရာတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးကောင်းမြတ်စံနှင့် အဖွဲ့ဝင်များက ရွှေအိမ်ရတနာဘိုးဘွားရိပ်သာမှ သက်ကြီးရွယ်အိုအဘိုး၊ အဘွားများအား ကျန်းမာရေးစောင့် ရှောက်ပေးခြင်း၊ အလှူငွေထောက်ပံ့ခြင်းနှင့် နေ့လယ်စာ အာဟာရဒါန ကျွေးမွေးထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်
အိမ်မဲ (ပြန်/က်)