ရေတာရှည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မား​ရေး အသိပညာပေး ဆွေး​နွေးပွဲ ဆောင်ရွက်

ရေတာရှည် သြဂုတ်လ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မား​ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းအား ယမန်နေ့  နေ့လယ် ၂ နာရီအချိန်တွင် ဇလုပ်ကြီး​ကျေးရွာအုပ်စု၊ ထန်းကုန်း​ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မား​ရေးတို့နှင့် သက်ဆိုင်သည့် အချက်အလက်များကို ပညာပေးဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုအပေါ် ပြန်လည်ရှင်းလင်းဆောင်ရွက်ခဲ့သည်။

ထို့​နောက် စိုက်ပျိုးရေးဦးစီးဌာနက သရက်ကိုင်းကူးဆက်စိုက်နည်းအား လက်​တွေ့ပြသ၍ မွေးမြူရေးနှင့်ကုသ​ရေးဦးစီးဌာနမှ ကြက်လည်လိမ်ရောဂါ ကာကွယ်ဆေးခတ်ပေးခြင်းနှင့် နေဗီယာမြက်မျိုးရင်းစိုက်ပေးခြင်းမျိုး ဖြန့်ပေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)