ရေတာရှည်မြို့နယ်အတွင်း ပြည်သူများအတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီနှင့်ဆန်များ ရောင်းချ

ရေတာရှည် ဩဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စာသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် Diamond Dragon Co.lt တို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)ရပ်ကွက်၌ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီနှင့်ဆန်များရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင်  နေကြာဆီနှင့် ပဲဆီ​ရောထား​သော စားသုံးဆီအား တစ်ပိဿာလျှင် ၅၆၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ နှံ​ကောက်ဆန်(၁)ပြည်လျှင် ကျပ် ၁၅၀၀ နှုန်းဖြင့်လည်း​ကောင်း စျေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိပြီး ရေတာရှည်မြို့ပေါ်ရပ်ကွက်များအတွင်းသို့ အလှည့်ကျ လှည့်လည်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ရေတာရှည်(ပြန်/ဆက်)