တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

တံတားဦးမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတို့ကို ယနေ့နံနက်(၁၀)နာရီက၌  ကျင်းပကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြည်သူများ လူကုန်ကူးမှုအန္တရာယ်အကြောင်းသိရှိနိုင်စေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် အရန်သားဖွားနှင့် လူထုကျန်းမာရေးလုပ်သားများ မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်

ကျိုက်ထိုမြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် အရန်သားဖွားနှင့် လူထုကျန်းမာရေး လုပ်သားများ(မွမ်းမံ)သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၄ နာရီတွင် မြို့နယ် ပြည်သူ့ဆေးရုံ ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရွှေကူမြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာများအား ရန်ပုံငွေသိန်း (၈၀၀) လွှဲပြောင်းပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို သြဂုတ် ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးစေရန်နှင့် သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုဘေးအန္တရာယ်မှ ကင်းဝေးစေရန် ချောင်းကောမြောင်းကောရိုး(၁၀)ခု တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုဘေးအန္တရာယ်မှကင်းဝေးစေ ရန် ရည်ရွယ်၍ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မဲဇလီဆည်ရေသောက်ဧရိယာအတွင်းရှိ ချောင်းကောမြောင်းကောရိုး(၁၀)ခု အကောင်အထည်ဖော်တူးဖော်ဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

အသက်(၁၈)နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံး (ဂိုးလတ်) ပြိုင်ပွဲကျင်းပ

၂၀၂၂ ခုနှစ် မြို့နယ် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌဖလား အသက်(၁၈)အောက် အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံး (ဂိုးလတ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေက မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။   

မြန်မာအလုပ်သမားများ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ကော့သောင်း နယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့်မြန်မာ အလုပ်သမားများ စေလွှတ်ရေး လုပ်ငန်းစဉ်အရ ယနေ့မွန်းလွဲပိုင်းက ကော့သောင်း နယ်စပ်ဂိတ်မှတဆင့် မြန်မာ အလုပ်သမား အမျိုးသား(၄၀)ဦး၊ အမျိုးသမီး(၁၀)ဦး၊ စုစုပေါင်း အလုပ်သမား(၅၀)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။

ထန်းတပင်မြို့နယ် မြစ်၊ ချောင်းသဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်ကောင်ရေ နှစ်ဆယ့်ကိုးသိန်းခြောက်သောင်းကျော် ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်

ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည်ထိန်းသိမ်းရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ မြစ်၊ ချောင်းသဘာဝရေပြင်ထဲသို့ ငါးမျိုးများကို စိုက်ထည့်ပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ သဘာဝရေပြင်ထဲ့သို့လည်း ငါးသားပေါက်ကောင်ရေ နှစ်ဆယ့်ကိုးသိန်းခြောက်သောင်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးပြီးဖြစ်ကြောင်း ဩဂုတ်လ(၂၀)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အမှတ်(၄)ရပ်ကွက် ပန်းလှိုင်မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲမှ သိရသည်။

မိုးနဲမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT)ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)လအတွက် (Maternal and Child Cash Transfer-MCCT)အကျိုးခံစားခွင့်ရရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ တာဝန်ရှိသူများက ပေးအပ်လျက်ရှိကြောင်း သိရသည်။
Subscribe to