ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါအကြောင်း အသိပညာပေး Talk Show ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ မိုးရာသီစုပေါင်းထန်းပင်စိုက်ပျိုးပွဲနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ တနင်္သာရီတိုင်းဒေသကြီး ခရီးစဉ်လမ်းညွှန်မှာကြားချက်အရ ယနေ့နံနက်(၇)နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ မော်ရှည်ကုန်ရပ်ကွက်နှင့် ကဇိကျေးရွာအကြား ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းမကြီးဘေးဝဲယာ၌ ၂၀၂၂-ခုနှစ်၊ မိုးရာသီစုပေါင်းထန်းပင်စိုက်ပျိုးပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ "သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး" (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်

သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်း၍ "သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး" (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်း က ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆင်ပေါင်ဝဲမြို့၌ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါလူနာများ ရှာဖွေဖော်ထုတ်၍ အခမဲ့ကုသပေး

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက် ဓမ္မာရုံ၌ ယမန်နေ့က မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများမှ Non Communi cable disease(NCD) သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါလူနာများ ရှာဖွေဖော်ထုတ်၍ အခမဲ့ကုသစစ်ဆေးပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

နတ်တလင်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် မြင့်မားရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့က ပန်းတင်ကြီးကျေးရွာအုပ်စု၊ ချားယားပင်ကျေးရွာသို့ ဒေသဖွံ့ဖြိုးရေး အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

မိုင်းယောင်း၌ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီများ လှူဒါန်း

မိုင်းယောင်း၌ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီများ လှူဒါန်း မိုင်းယောင်း ဩဂုတ် ၂၀ နန်းပန်

တနင်္သာရီမြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် “မြဝတ်ဆင်” စေတီတော်ပရဝုဏ်အတွင်းသန့်ရှင်းရေးပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တနင်္သာရီမြို့၏ ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင် မြဝတ်ဆင်စေတီတော်မြတ်ကြီးအား ဥပတိရုပ်ကောင်းမွန်စေရေး၊ အရပ်ဝေး/အရပ်နီးမှ ဘုရားလာမိဘပြည်သူများ လေကောင်းလေသန့်ရရှိ၍ စိတ်အေးချမ်းသာယာစွာ ကြည်ညိုဖူးမျှော်နိုင်စေရေးအတွက် စေတီတော်၏ပရဝုဏ်အတွင်း/အပြင်နေရာများမှာ ဝန်ထမ်းများစုပေါင်း၍ ပြည်သူ့အကျိုး ပြုလုပ်အားဒါနသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်မှ ၈ နာရီအထိ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပ

ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့နယ်၊ ပေပင်ကျေးရွာအုပ်စု၊ ပေပင်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ပြည်သူများပလတ်စတစ်သုံးစွဲမှု လျှော့ချရေးအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စည်ပင်သာယာရေးဌာနနှင့်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက မြို့တော်ခန်းမတွင်   ပြည်သူများပလတ်စတစ်သုံးစွဲမှု လျော့ချရေး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to