ဆင်ပေါင်ဝဲမြို့၌ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါလူနာများ ရှာဖွေဖော်ထုတ်၍ အခမဲ့ကုသပေး

ဆင်ပေါင်ဝဲ ဩဂုတ် ၂၀

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက် ဓမ္မာရုံ၌ ယမန်နေ့က မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများမှ Non Communi cable disease(NCD) သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါလူနာများ ရှာဖွေဖော်ထုတ်၍ အခမဲ့ကုသစစ်ဆေးပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စစ်ဆေးခဲ့ရာ အသက် ၄၀ နှင့်အထက် (၅၅)ယောက်တွင် သွေးတိုးသီးသန့် လူနာ ၄၆ ယောက်တွေ့ရှိခဲ့ပြီး ဆီးချို၊ သွေးတိုးတွဲ (၂၀)ယောက်တွေ့ရှိခဲ့သည်။

အဆိုပါလူနာများအား သွေးပေါင်ထိန်းဆေးနှင့် ဆီးချိုဆေးများအား အခမဲ့ပေးဝေခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး boostet dose မထိုးနှံရသေးသည့်သူများလည်း တစ်ပါတည်းထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)