မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မွန်ပြည်နယ်အတွင်း သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးနှင့် အရေးပေါ်တုန့်ပြန်နိုင်ရေးအတွက် မွန်ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ၏ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် (၁၉)ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရ အဖွဲ့ရုံး၊ အောင်ဆန်း ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဝင်များ တက်ရောက်ခဲ့ သည်။

မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ (၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်း​ဒေသကြီး၊​ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ (၂/၂၀၂၂ )မှ (၇/၂၀၂၂) အထိ (၆) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၈:၀၀)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မဟာအောင်မြေမြို့နယ်၊မဟာမြိုင်(၂) ရပ်ကွက်၊ ရန်ပြေဓမ္မာရုံ၌ ပြည်သူ လူထုနှင့်တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

မဟာအောင်မြေမြို့နယ်၊ စစ်ကြောင်းကြီး (၅)ကြောင်း ပါဝင်သည့်ဌာနဆိုင်ရာပူးပေါင်း အဖွဲ့သည် မဟာမြိုင်(၂)ရပ်ကွက်၊ ၄၀ လမ်း၊ ၆၁×၆၂ လမ်း ကြားရှိ အောင်စံရန်ပြေဓမ္မာရုံ၌ ဩဂုတ်လ (၂၀)ရက်နေ့က ရဲမွန်တောင်ရပ်ကွက်အတွင်း နယ်မြေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာ ရေးနှင့်နှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ လူထုနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပသည်။

ဒဂုံမြိုသစ်(အရှေ့ပိုင်း)မြို့နယ်တွင်ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး ဓာတ်ကြိုး လိုင်းများပေါ်ရှိသစ်ပင်၊ သစ်ကိုင်းများရှင်း လင်းခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေပိုင်း)မြို့နယ်တွင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ သွယ်တန်းထားသော လျှပ်စစ်ဓာတ်တိုင်နှင့် ဓာတ်ကြိုးလိုင်းများ ပေါ်တွင် ထိစပ်နေသော သစ်ပင်သစ်ကိုင်းများခုတ်ထစ်ရှင်း လင်းခြင်းဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်မှအမှတ်(၇)ရပ်ကွက် ကျန်းစစ်သားလမ်းနှင့် မင်းတပ် လမ်း(11KV) အနော်ရထာဖီ ဒါဓာတ်အားလိုင်း ပေါ်ထိစပ်နေသော သစ်ပင်သစ်ကိုင်းများအား ယနေ့နံနက်၉နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မော်လမြိုင်မြို့၌ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းနိုင်‌ရန်အတွက် စုပေါင်းအမှိုက်ကောက်ပွဲ ပြုလုပ်

မော်လမြိုင်မြို့တွင် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းနိုင်ရန် အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ကာ ဌာနပေါင်းစုံ ပူးပေါင်းအဖွဲ့သည် မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးနှင့် စွန့်ပစ်အမှိုက် များကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမှ ကာကွယ်နိုင်ရန် အသိပညာပေးအနေဖြင့် ယမန်နေ့ မွန်ပြည်နယ် ပေါင်မြို့နယ် ဆင်ရွာကျေးရွာဆင်ရွာရေတံခွန် ၌ စနစ်တကျ အမှိုက်များ စွန့်ပစ်ရေး လူထုလှုပ်ရှားမှု စုပေါင်းဆောင်ရွက်ခဲ့ခြင်းနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင် များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဒုတိယမြို့တော်ဝန် ဦး‌မောင်မောင်တို့ ဇဗ္မူသီရိမြို့နယ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သန့်ရှင်းသာယာ လှပရေးအတွက် မြို့နယ်များတွင် သန့်ရှင်း သာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇဗ္မူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက် မဏိရတနာ ကျောက်စိမ်းခန်းမရှေ့တွင် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုအား နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှု အားပေးသည်။

စစ်တွေမြို့ ရှုခင်းသာလမ်းနှင့် ပွိုင့်ကမ်းခြေသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

စစ်တွေမြို့၊ ရှုခင်းသာလမ်းနှင့် ပွိုင့်ကမ်းခြေသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက် ကောက်သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ကမ်းနားလမ်း စာတိုက်ကြီး အနီးမှစတင်ကာ  သတ်မှတ်နေရာများတွင် ဆောင်ရွက်ကြသည်။

ဆောင်းနေကြာဧက(၃၀၀)စိုက်ပျိုးမည့် တောင်သူများအား စီမံကိန်းအတိုးရငွေဖြင့် စိုက်ပျိုးစရိတ်များထုတ်ချေးပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ငကောင်းကံကျေးရွာအုပ်စုအတွင်းရှိ ဆောင်းနေကြာဧက(၃၀၀)စိုက်ပျိုးမည့် တောင်သူများအား စီမံကိန်းအတိုးရငွေဖြင့် စိုက်ပျိုးစရိတ်ထုတ်ချေးပေးခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဇီးကုန်းကျေးရွာ၊ စိုက်ပျိုးရေးအသိပညာပေးစင်တာ၌ ကျင်းပသည်။
Subscribe to