မန်တုံ သြဂုတ် ၂၂
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က သေးတိုး၊ ဆီးချိုရောဂါအကြောင်း အသိပညာပေး(Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး(TalkShow) ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ သွေးတိုးရောဂါဖြစ်နိုင်သောအကြောင်းရင်းများ၊ မှန်ကန်သောသွေးပေါင်ချိန်အဖြေရရှိရန်အတွက် သွေးပေါင်ချိန်တိုင်းတာရာတွင် လိုက်နာသင့်သောအချက်များ၊ အန္တရာယ်ရှိသောလက္ခဏာများ၊ သွေးတိုးရောဂါဖြစ်ပေါ်လာပါက ရောဂါကုသခြင်းများ၊ ရောဂါကုသရာတွင် ကြိုတွေ့ရသောအခက်အခဲများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ သွေးတိုးရာဂါရှိပါက လိုက်နာရန်အချက်များ၊ ဒေါ်လွေးအေးတင်(ဒုတိယဦးစီးမှူး)က ဆီးချိုသွေးချိုရောဂါ အဓိကအမျိုးအစားများ၊ ဆီးချိုသွေးချိုရောဂါ၏ အဓိကလက္ခဏာများ၊ ဆီးချိုသွေးချို ဖြစ်နိုင်ချေရှိသူများ၊ နောက်ဆက်တွဲဆင့်ပွားရောဂါများ၊ ရောဂါရှိပါကလိုက်နာရန်အချက်များ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ အစရှိသည်များကိုပြည်သူများ ဗဟုသုတရရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။
မန်တုံ(ပြန်/ဆက်)